ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့က အစ မလေးရှား၊ စင်္ကာပူ နိုင်ငံတွေမှာ ကျင်းပခဲ့ကြသလို၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဒိန်းမတ်၊ နော်ဝေ၊ သြစတေးလျနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံ အတော်များများမှာ ကျင်းပခဲ့ကြပါတယ်။
မွေးနေ့ပွဲ အကြိုအဖြစ် ဇွန်လ ၁၈ ရက်နေ့ ကတည်းက အမေရိကန်နိုင်ငံ အနောက်ဘက် ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့သလို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့အပြင် ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ဒိန်းမတ်နဲ့ ဗြိတိန်နိုင်ငံတွေမှာလည်း ကျင်းပခဲ့ပါတယ်။
ဇွန်လ ၁၈ ရက်နေ့က နိုင်ငံတကာမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတွေ အကြောင်းကို ဒေါ်စန်းစန်းတင်နဲ့ RFA သတင်းထောက်တွေက သတင်းရယူပြီး စုစည်းတင်ပြထားပါတယ်။
http://www.rfa.org/burmese/news/dassk-birthday-celebrations-worldwide-06192011115045.html
Monday, 20 June 2011
Subscribe to:
Posts (Atom)